CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

The Apartment Job (2026)

Series

ဘတ်ဟယ်ဂန်း (Ji Sung) ကတော့ အိုအေစစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ဂန်နမ်မှာ ထိပ်တန်းအဆင့် VIP တွေအတွက် တရားမဝင် လောင်းကစားရုံကို ဖွင့်လှစ်ထားသူပါ။ ဒါပေမဲ့ ယုံကြည်ထားခဲ့တဲ့ ရဲအရာရှိရဲ့ သစ္စာဖောက်မှုကြောင့် လောင်းကစားရုံလည်း တစ်ရက် တစ်မနက်တွင်းချင်းမှာတင် ပြိုလဲသွားခဲ့ပြီး ဖခင်အရင်းလို လေးစားလိုက်နာခဲ့သူကပါ အဖမ်းခံလိုက်ရတာမို့ ဟယ်ဂန်းဟာ အခုချက်ချင်း ဝမ် ၁၀ ဘီလီယံ လိုအပ်နေတဲ့ အခြေအနေထဲ ကျရောက်သွားရပါတော့တယ်။ အဲဒီအချိန်မှာ ဟယ်ဂန်း မျက်စိကျမိသွားတာကတော့ True Value State တိုက်ခန်းရဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေ ဝမ် ၁၇.၈ ဘီလီယံပါပဲ။ ပိုက်ဆံတွေကို အရယူဖို့အတွက် ဟယ်ဂန်းလည်း တိုက်ခန်းနေထိုင်သူများအသင်းရဲ့ ဥက္ကဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့ အစီအစဉ်တွေက ဆက်တိုက်ဆိုသလို ရှုပ်ထွေးလာပြီး မထင်မှတ်ဘဲ တိုက်ခန်းရဲ့ မသမာမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့... ဟယ်ဂန်းတစ်ယောက် တိုက်ခန်းနေထိုင်သူတွေရဲ့ သူရဲကောင်းကြီးပဲ ဖြစ်လာမလား... နဂိုပန်းတိုင်အတိုင်း ငွေနောက်ပဲ ဆက်လိုက်မလားဆိုတာကိုတော့ အပတ်စဉ် စောင့်ကြည့်အားပေးကြပါဦးနော်။ Aired: Jul 11, 2026 - ? Aired On: Saturday, Sunday Genres: Thriller, Mystery, Comedy, Crime Episodes: 12 Original Network: JTBC

အပိုင်း ရွေးပါ