The Terror (2018-2026) Season 1-2-3 (စ/ဆုံး) IMDb Rating (7.8) / Rotten Tomatoes (87%) ဒီဇာတ်လမ်းက Terror (တယ်ရာ) နဲ့ Erebus (အယ်ရူဘတ်စ်) သင်္ဘောနှစ်စီးအကြောင်းကို ရိုက်ထားတာပါ။ အာတိတ်သမုဒ္ဒရာထဲက ရေခဲပြင်ထဲမှာ ပိတ်မိနေတဲ့ သဘောၤသားတစ်စုရဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတာပါ။ ြ ဖစ်ရပ်မှန်ကို အခြေခံထားတဲ့ ဝတ္ထုကို ရိုက်ထားတာ ဖြစ်တဲ့အတွက် အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ရေခဲပြင်ထဲမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြသလဲဆိုတာကို တွေ့မြင်ရမှာပါ။ သင်္ဘောသားတွေရဲ့သဘောသဘာဝနဲ့ ရေခဲပြင်အကြောင်းကို ကြည့်ရမှာဆိုတော့ မြင်နေကျကားတွေထဲကတော့ ကွဲထွက်နေမှာပါ။ တစ်ခုထူးခြားတာက နတ်ဆရာတွေ၊ မိစ္ဆာတွေ နဲ့ ယဇ်ပူဇော်မှု အကြောင်းတွေလည်း ပါပါတယ်။ ဇာတ်လမ်းက တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားစရာတွေသာ များလာတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ခုဆိုရင် Season 2 ကို ပြီးခဲ့တဲ့ သြဂုတ်လက ဆက်လက်ပြသခဲ့ပါတယ်။ IMDb Rating ကလည်း 8/10 ရထားတာမို့ အရမ်းတော့ ထပ်ညွှန်းစရာ လိုမယ် မထင်ပါဘူးဗျာ။