CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Trigger (2025)

Series

အပိုင်းသစ် (1 မှ 10) စ/ဆုံး အက်ရှင်အကြမ်းစားနဲ့ မှုခင်းဇာတ်ကားတွေကိုမှ စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသား Kim Nam Gil နဲ့ Kim Young Kwang တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ စီးရီးသစ်လေးတစ်ခု ထွက်ရှိလို့လာပါပြီ။ တောင်ကိုးရီးယားနိုင်ငံမှာ သေနတ်ကိုင်ဆောင်ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်းတို့ကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားတာကြောင့် နိုင်ငံတွင်း လက်နက်ကြောင့် မှုခင်းဖြစ်ပွားမှုများဟာလည်း မရှိသလောက်ပါ။ သို့သော်လည်း အချိန်ကြာမြင့်လာတာနဲ့အမျှ အခြေအနေတွေလည်း ပြောင်းလဲလာပါတော့တယ်။ အမည်မသိနေရာတစ်ခုကနေ နိုင်ငံတွင်းသို့ တရားမဝင်လက်နက်တင်သွင်းမှုတွေ များပြားလာပြီး သေနတ် ပါဝင်ပတ်သတ်တဲ့အမှုများ​ ရုတ်ချည်းတိုးမြှင့်လာခဲ့ပါတယ်။ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဖြောင့်မတ်မှန်ကန်တဲ့ စုံထောက် အီဒိုတစ်ယောက်ဟာ မှုခင်းတွေကို တားဆီးဖို့အတွက် လက်နက်လာရာ တရားမဝင်လမ်းကြောင်းကို မွှေနှောက်ရှာဖွေပါတော့တယ်။ တစ်ဖက်မှာလည်း မှောင်ခိုလက်နက်နယ်ပယ်မှာ သြဇာညောင်းတဲ့ဆရာကြီးဖြစ်တဲ့ မွန်ဘဲ့ဟာ အပြင်လောကမှာ မျက်နှာဖုံးတပ်ကာ သူ့ရဲ့အကြံအစည်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နေသူဖြစ်ပါတယ်။ စစ်တပ်မှာ စနိုက်ပါအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အမှန်တရားအတွက် ရပ်တည်ရန်အတွက် သေနတ်ကိုင်ဆောင်ထားတဲ့ စုံထောက်အီဒို နဲ့ ဝိသမလောဘအတွက် သေနတ်ကိုင်ဆောင်ထားတဲ့ မွန်းဘဲ့ ယောက်ျားသားနှစ်ယောက် ဆုံပြီး အားပြိုင်ကြချိန်မှာတော့..... ဘယ်လိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေဖြစ်လာမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ ရင်ခုန်စွာနဲ့ ခံစားကြည့်ရှုလိုက်ပါတော့နော်...

အပိုင်း ရွေးပါ