CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်

Tomb Raider King (2026)

Series

​ဒီတစ်ခါမှာတော့ Solo Leveling လိုမျိုး နာမည်ကြီး Korea Webtoon တစ်ခု ကို Anime အဖြစ် ပြန်လည်အသက်သွင်းလာတဲ့ ကောင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Solo လိုမျိုး ကြမ်းမလားဆိုတာကတော့ အပတ်စဉ်စောင့်ကြည့် သွားရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာတစ်ဝှမ်း ငလျင်တွေလှုပ် ပြီး ဂူသင်္ချိုင်းတွေ နေရာအနှံ့ ပေါ်လာပါတယ်။ အဲ့ဒီမှာ ဒီဂူသင်္ချိုင်းတွေနဲ့အတူ လူတွေကို စွမ်းအားတွေပေးစွမ်းနိုင်တဲ့ Relic တွေတစ်ဖြစ်လဲ ရှေးဟောင်း ရတနာပစ္စည်းတွေလည်း တစ်သားတည်း ပါလာပါတယ်။ အဲ့ဒီမှာတင် လူသား တွေက ဒါတွေကို အာဏာပါဝါအတွက် ကိုယ်တင်သူတင် အပြိုင် လိုက်ရှာဖွေ ပြီး စုဆောင်းကြပါတော့တယ်။ အဲ့ဒီမှာ MC လုပ်တဲ့ကောင်က အဲ့ဒီလိုကမ္ပဏီ ကြီးတစ်ခုရဲ့ လက်အောက်မှာ Raider တစ်ဖြစ်လဲ ဂူသင်္ချိုင်းဖောက်သမား အဖြစ် အောက်တန်းကျတဲ့ မှောင်ခိုအလုပ်အကိုင်လုပ်ပေးနေတဲ့ ကောင်။ တစ် ရက်ကျ သူ့ ကုမ္ပဏီကနေ သူ့ကို ပြန်ကျင်းထည့် တာကို ခံလိုက်ရပြီး ဂူဖောက် နေတဲ့အချိန် သေသွားပေမဲ့ ထူးဆန်းတဲ့ Relic တစ်ခုကြောင့် လွန်ခဲ့တဲ့ ၁၅ နှစ် ဂူသင်္ချိုင်းတွေ ပေါ်မလာခင်အချိန်ကို အချိန်နောက်ပြန်ရောက် သွားပါတော့ တယ်။ အဲ့ဒီမှာတင် MC တစ်ကောင် သူ့ကို ချောက်တွန်းလုပ်ကြံခဲ့တဲ့ လူတွေ ကို ၁၅ နှစ်စာ အတွေ့အကြုံ စွမ်းအားတွေနဲ့ ဘယ်လို လက်စားချေ ပြန်ဖြုတ်မ လဲဆိုတာ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်....။

အပိုင်း ရွေးပါ